Pages

Subscribe:

Tuesday, January 24, 2012

USB နှင့် Window 7 တင်ခြင်း


Step 1: ၀င်းဒိုးတင်ရန် လိုအပ်ချက်များ

o 4 GBနှင့်အထက်ရှိသော USB Flash drive

o Windows XP, Vista or 7 တင်နိုင်သော Operating System

o Window 7 တင်နိုင်သော .ISO ဖိုင်ရှိရပါမယ်။

o Window 7 USB DVD Tool ကိုဒေါင်းလုတ်ချပြီး Install လုပ်ထားရန်

o Install လုပ်ထားသော Icon ကို ဖွင့်ထားရန်

Step 2: ဖန်တီးခြင်း

Icon လေးကို ဖွင့်လိုက်တဲ့အခါ အောက်ပါပုံအတိုင်းမြင်ရပါလိမ့်မယ်။

Browse ကို နှိပ်ပြီး .ISO ဖိုင်ကို ရွေးပေးလိုက်ပါ။ Next ကိုကလစ်နှိပ်ပါ။

အခု media type ကိုရွေးပါမယ်။ USB နဲ့ တင်မှာဖြစ်လို့ USB device ကိုရွေးပါမယ်။

USB ကို ထည့်ပြီး အောက်ပါ အတိုင်း USB ကိုရွေးပေးပါ။

ပြီးလျှင် Begin copying ကို ရွေးပါ။

အောက်ပါအတိုင်း USB drive ထဲသို့ ဖိုင်များကို ကူးထည့်ပါလိမ့်မယ်။

USB ထဲမှာ ရှိသည်များကို ဖျက်ပြစ်ရန်လိုအပ်ပါက ဖျက်ပြစ်လိုက်ပါ။

Boot တက်နိုင်သော USB drive တစ်ခုဖန်တီးခြင်းပြီးဆုံးသွားပြီဖြစ်ပါတယ်။

ဒါကြောင့် USB DVD Tool ကို ပိတ်လို့ရပါပြီ။


Step 3: Testing

အခု ကျတော်တို့ ၀င်းဒိုးတင်နိုင်တဲ့ USB drive တစ်ခုကို ဖန်တီ်းပြီးပြီဖြစ်လို့ ၀င်းဒိုးမတင်ခင် Test လုပ်ကြည့်ပါမယ်။

MobaliveCD ဆိုတဲ့ ဆော့ဝဲကို အရင်ဒေါင်းလုတ်ချပါ။

ဒီဆော့ဝဲက သင့် USB drive ကနေ ၀င်းဒိုး တင်ရမရကို စမ်းသပ်ပေးပါလိမ့်မယ်။ စမ်းသပ်ခြင်းသက်သက်သာဖြစ်ပါတယ်။ တကယ်ဝင်းဒိုးတင်ခြင်းမဟုတ်ပါ။


Run the Live USB ကို ကလစ်ချပါ။

ပြီးလျှင် သင်၏ USB ကိုရွေးပေးပါ။

Window 7 တင်နေသည်ကို အောက်ပါအတိုင်းတွေ့ရပါလိမ့်မည်။ (တကယ်တင်ခြင်းမဟုတ်ပါ စမ်းသပ်ချက်သာဖြစ်ပါသည်။)


Step 4: အင်စတောလုပ်ခြင်း

သင့် USB ကို ၀င်းဒိုးတင်မယ့် စက်သို့ယူသွားပြီး အင်စတော လုပ်လို့ရပါပြီ။

ဝင်းဒိုးတင်နိုင်သည့်နည်း ၂ နည်း ရှိပါတယ်။ သင်၏စက်မှ Opreating System နှင့်သော်လည်းကောင်း USB ဖြင့် Boot တက်ပြီးသော်လည်းကောင်း တင်နိုင်ပါတယ်။

Operating System ဖြင့်တင်လိုပါက USB drive ရှိသောနေရာသို့ရောက်အောင်သွားပြီး setup.exe ကို ကလစ် နှစ်ချက်ခေါက်ပြီးတင်နိုင်ပါသည်။

USB ဖြင့် တင်လိုပါက သင်၏ BIOS ကို သွားရောက်ပြင်ဆင်ပြီးတင်နိုင်ပါသည်။


Software ကိုဒီအောက်မှာ ဒေါင်းယူပါ

myotha.com နှိပ်ပေးပါ

mediafire.com

0 comments:

Post a Comment

 

လာရောက်အားပေးသောသူငယ်ချင်းများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ