
သြစတြေးလျသုတေသီများ၏လေ့ လာတွေ့ရှိချက်အသစ်အရ ရုပ်မြင်သံ ကြား၊ ဒီဗွီဒီ စသည်တို့အား တစ်နေ ကုန်ထိုင်မော့ကြည့်နေသူများအတွက် တစ်နာရီကြည့်လျှင် သက်တမ်း ၂၂မိနစ် တိုနိုင်ကြောင်း သိရသည်။
တီဗွီတစ်ရက်ခြောက်နာရီကြည့် ပါက အသက်ငါးနှစ်တိုနိုင်ကြောင်း၊ ထိုသုတေသနပြုချက်အရ တစ်နေရာ တည်းတွင် လှုပ်ရှားမှုမရှိဘဲ ထိုင်ကြည့် နေသူများတွင် ဆေးလိပ်သောက်ခြင်း နှင့် အ၀လွန်ရောဂါမျိုးကဲ့သို့ပင် အန္တ ရာယ်ပေးတတ်ပြီး ထိုသို့နာရီများစွာထိုင် ကြည့်ပြီး အလွယ်တကူရသော အာ ဟာရမပြည့်သည့်အစားအစာများဝါး နေရသောကြောင့်လည်း ကျန်းမာရေး ကို ပို၍ထိခိုက်စေကြောင်းသိရသည်။
သုတေသီများသည် အသက် (၂၅)နှစ်အထက် လူပေါင်း ၁၁၀၀၀ အားလေ့လာဆန်းစစ်ခဲ့ကာ ဆေးလိပ် တစ်လိပ်သောက်ခြင်းသည် လူတစ် ဦး၏သက်တမ်းအား ၁၁မိနစ်တိုစေနိုင် ပြီး တီဗွီနာရီဝက်ထိုင်ကြည့်သည်နှင့် ညီမျှကြောင်း နှိုင်းယှဉ်ပြကြသည်။
ဗြိတိန်နိုင်ငံတွင် တီဗွီကြည့်သည့် အချိန်ကာလသည် တစ်ရက်ပျမ်းမျှ လေးနာရီရှိပြီး အမေရိကန်ပြည်ထောင် စုတွင် တစ်ရက်ငါးနာရီရှိကြောင်းသိ ရသည်။ တီဗွီအားကြာမြင့်စွာကြည့် ခြင်းသည် ခန္ဓာဗေဒအရ ရောဂါရနိုင် ပြီး အသေစောတတ်နိုင်သည်ကို သိရှိ ရကြောင်း ဘော်စတွန်မှ သုတေသီများ က တင်ပြခဲ့ကြသည်။ ကိုယ်ခန္ဓာလှုပ် ရှားမှုသည် ကျန်းမာရေးအတွက် ကောင်း ကျိုးများစွာရှိပြီး လက်လှုပ်ရှားမှုထက် ခြေလှုပ်ရှားမှုများက ပို၍ကျန်းမာရေး အတွက် သက်ရောက်မှုရှိကြောင်းသိ ရသည်။
Written by ရန်ကုန်တိုမ်း
0 comments:
Post a Comment