၁။လေ့လာခြင်းနှင့်မှတ်ဉာဏ်
အိပ်စက်မှုဟာ ဦးနှောက်ကနေ မှတ်ဉာဏ်ဆီကို သတင်းအချက်အလက် အသစ်တွေ ပို့ပေးနိုင်အောင် ကူညီပါတယ်။ စာမေးပွဲ၊ အလုပ်အသစ် စတဲ့စိန်ခေါ်မှု တခုခုမလုပ်ခင် ညမှာကောင်းကောင်း အိပ်စက်ထားသူတွေဟာ ညမှာအိပ်ရေး မဝထားသူတွေထက် ကောင်းမွန်တဲ့ စွမ်းဆောင်မှုတွေ လုပ်နိုင်ပါတယ်။ လေ့လာမှုများစွာက တစ်ညလုံး အိပ်ရေးဝဝ အိပ်ပြီးတဲ့အခါ လူတွေမှာ ပြဿနာ ရင်ဆိုင်နိုင်တဲ့ စွမ်းအားသစ်နဲ့ အမြင်သစ်တွေ ရရှိအောင်မြင်ကြောင်း ဆိုပါတယ်။
၂။ကိုယ်အလေးချိန်
အကြာကြီး အိပ်ပျက်တာဟာ ခန္ဓာကိုယ်ရဲ့ ကာဗိုဟိုက်ဒရိတ်ဓာတ် သိုလှောင်မှုများခြင်းနဲ့ စိတ်ဖိစီးမှုဟော်မုန်း ကော်တီဇုန်း ထွက်ရှိမှုများခြင်းကြောင့် ကိုယ်အလေးချိန် မြင့်တက်စေနိုင်ပါတယ်။ ကော်တီဇုန်း ဟော်မုန်းများတာဟာ ဝမ်းဗိုက်အဆီ များခြင်းနဲ့လည်း ဆက်စပ်မှုရှိပါတယ်။ အိပ်ရေးပျက်ရင် ဆာလောင်မှု ဖိနှိပ်ပေးတဲ့ Leptin ဟော်မုန်းနည်းသွားပြီး ဆာလောင်မှုဖြစ်စေတဲ့ Ghrelin ဟော်မုန်းအထွက် များစေတဲ့အတွက် ပိုစားဖြစ်တာပါ။

၃။ဘဝအရည်အသွေး
ကြာရှည် အိပ်ရေးပျက်ခြင်းနဲ့ ခဏတာ အိပ်ရေးပျက်ခြင်းတွေဟာ စိတ်မရှည်မှု၊ ဒေါသ၊ အာရုံစူးစိုက် အားနည်းခြင်း၊ စိတ်တို စိတ်ဆတ်ခြင်း စတာတွေ ဖြစ်စေနိုင်ပါတယ်။ မိသားစု၊ မိတ်ဆွေ အပေါင်း အသင်းတွေနဲ့ အချိန်မဖြုန်းချင်ရင် အိပ်စက် အနားယူသင့်ပါတယ်။ အိပ်ရေးပျက်တာဟာ ပင်ပန်းစေသလို အလုပ် လုပ်နိုင်စွမ်းကိုလည်း ထိခိုက်စေပါတယ်။

၎။ကိုယ်ခံစွမ်းအား
အိပ်ရေးပျက်တာကခန္ဓာကိုယ်ရဲ့ကိုယ်ခံစွမ်းအားစနစ်ကိုပြောင်းလဲစေပါတယ်။အိပ်ရေးပျက်တာများလို့ကိုယ်ခံစွမ်းအား ကျရင် အအေးမိခြင်း၊ ဖျားနာခြင်း၊ တုပ်ကွေးကွေးခြင်း စတာတွေ ဖြစ်လွယ်တတ်ပါတယ်။

၅။နှလုံးနှင့်အဆုတ်ကျန်းမာရေး
အကြာကြီး အိပ်ရေးပျက်တာက နှလုံးနဲ့အဆုတ် ကျန်းမာရေးအပေါ် ဘယ်လောက်များများ ထိခိုက်စေတယ်ဆိုတာ အတိအကျတော့ မသိသေးပါဘူး။ ဒါပေမယ့် အိပ်ရေးပျက်တာများရင် သွေးဖိအားမြင့်တက်ခြင်းနဲ့ နှလုံးခုန်နှုန်း ပုံမမှန်ခြင်း တွေဖြစ်စေနိုင်ပါတယ်။ အိပ်ရေးမဝတာကြောင့် စိတ်ဖိစီးမှု ဟော်မုန်းများခြင်းနဲ့ ရောင်ရမ်းမှုဖြစ်စေပြီး ဒီအကြောင်းရင်း နှစ်ချက်ဟာ နှလုံးရောဂါထခြင်းနဲ့ ဆက်စပ်မှုရှိပါတယ်
၆။ဘေးကင်းလုံခြုံမှု
အိပ်ရေးဝတာဟာ မတော်တဆ ထိခိုက်မှု ဘေးအန္တရာယ်ကို ကာကွယ်ပေးပါတယ်။ အိပ်ရေးပျက်ပါများရင် သတိလစ်ဟင်းမှုတွေ ဖြစ်လာပြီး လိမ့်ကျခြင်း၊ လဲကျခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်းနဲ့ မတော်တဆ ထိခိုက်မှုတွေ အဖြစ်များ ပါတယ်။ အိပ်ရေးမဝခြင်းနဲ့ အိပ်ငိုက်ခြင်းတို့ကြောင့် နှစ်စဉ် အမေရိကန်မှာ ယာဉ်တိုက်မှုပေါင်း တစ်သိန်းကျော်ဖြစ်ပွားနေကြောင်း အမျိုးသားအဝေးပြေးယာဉ် လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းက ဆိုပါတယ်။

0 comments:
Post a Comment